ကျောက်ပန်းတောင်း၊ ဩဂုတ်-၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ်စု၊ ကြောင်းဒူးကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသောမြေသားရေကန် တူးဖော်ပြီးစီးမှုအခြေအနေများကို၊ ယမန်နေ့နံနက် ၁၀  နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ . သန်းဖြင့်၊ ကြောင်ဒူးကျေးရွာရှိ အလျား ၁၀၀ ပေ× အနံ ၁၂၅ ပေ× အနက်  ပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို မြို့နယ် ဦးစီးမှူးနှင့် အင်ဂျင်နီယာအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များနှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးရေးဆွေးနွေးမှာကြားခဲ့ကြသည်။

အဆိုပါ မြေသားရေကန်တူးဖော်မှုလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ၊ ကြောင်ဒူးကျေးရွာရှိ အိမ်ခြေ ၁၂၁ အိမ်မှ လူဦးရေ ၁၁၂၂ ဦးတို့အတွက် နွေရာသီရေရှားပါးမှုဘေးမှ ကင်းဝေး၍ ရာသီအချိန်အခါမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ကြ တော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကပြောပါသည်။

နေအောင်(ပြန်/ဆက်)