သဲကုန်း သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက်အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေ၌အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ စျေးဝယ်ခြင်း ကျန်းမာရေးကိစ္စသွားလာရန်ကိစ္စရှိပါက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပေးထားသည့် ပြင်ပသွားလာ ခွင့် ကတ်ပြားဖြင့်သာ သွားလာကြရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးဖြင့်သာသွားလာကြရန်၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များဆောင် ရွက်သွားလာရန်ရှိပါက သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် သွားလာရန်၊ မရှိမဖြစ်အခြား လိုအပ်ချက် ဖြစ်သောစက်သုံးဆီ၊ သားငါး၊ သောက်ရေသန့်နှင့် အခြေခံစားသောက်ကုန်များသာ ရောင်းချရန်နှင့် စား သောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများရောင်းချသည့် ဆိုင်များ ဖွင့်လှစ်ရောင်းချရန် စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါလှည့်လည်ခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တပ်မတော်သားများက ပူးပေါင်းဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)