ရန်ကုန် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး ယမန်နေ့ညနေပိုင်းက ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိလာမှုနှင့် အောက်ဆီဂျင် လိုအပ်မည့် လူနာများအတွက် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ လှူဒါန်းရန် မြန်မာအားမာန် စီးပွားရေးလုပ်ငန်းရှင်များအသင်းနာယက ဦးတင်မောင် နှင့် ဇနီးဒေါ်စီစီမိုး (Xie Family Co.Ltd) က ပြည်ပမှ မှာယူတင်သွင်းခဲ့သည့် တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး ၂၀၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ရောက်ရှိလာမှုနှင့် အောက်ဆီဂျင်စက် တည်ဆောက်မည့်မြေနေရာတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

လိုအပ်သည်များ ဖြည့်ဆည်းပေး ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ကိုဗစ်-၁၉ လူနာများထားရှိရန် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် စင်တာတာဝန်ခံတို့က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)