ပိုင်ကျုံ သြဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်၁၉-ရောဂါ ကူးစက်မှုများဖြစ်ပေါ် လျက်ရှိသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေပြီး ထိရောက်စွာကုသထိန်းချုပ် နိုင်ရေး အတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့အသိပေးပန်ကြားချက်များအား ယမန်နေ့ ညနေပိုင်းက စိုကျေးရွာအုပ်စု၊ယာသီကျေးရွာသို့လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်ခြင်းကိုပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်များကို Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)


