နတ်မောက် ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၂၅၀)အား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အလှူရှင်မိသားစုမှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းခြင်းတွင် အလှူရှင်များဖြစ်သည့် ဦးဆန်းဌေးနှင့်ဇနီးမိသားစုမှ မိခင်ကြီးဒေါ်ဟန်အား အမှူးထား၍ မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၂၅၀)စုအတွက် တစ်အိမ်ထောင်လျှင်ဆန်(၃)ပြီ၊ ဦးဆန်းထူး+ဒေါ်ခင်မာမြင့်(ကုန်စုံဆိုင်)မိသားစုမှ အိမ်ထောင်စု (၂၅၀)စုအတွက် တစ်အိမ်ထောင်လျှင် ကြက်ဉ(၁၀)လုံး၊ ဦးမောင်အေး+ဒေါ်ရီဝင်း မိသားစုမှ လောကပါလပရဟိတလူငယ်အဖွဲ့အား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်ရည်ရွယ်၍ နှာခေါင်စည်း(Mask)တို့ကို လှူဒါန်းပေးခဲ့ရာ လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
လတ်တလောဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် (Stay at Home) သတ်မှတ်ထားတဲ့ကာလအတွင်း ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်များ စားဝတ်နေရေးအခက်အခဲမရှိစေရေးအတွက် ယခုလိုတစ်နိုင်တစ်ပိုင်ပေးအပ်လှူဒါန်း ရခြင်းဖြစ်ပါတယ်ဟု အလှူရှင်တစ်ဦးမှ ပြောကြားသည်။
သင်းသင်းဝေ (နတ်မောက်)


