mdn

ကျောက်တံခါး သြဂုတ် ၃၀
     
ပဲခူးတိုင်းဒေသကြီးအတွင်းအထူးကုသရန် သတ်မှတ်ခြင်းခံရသည် ကျောက်တံခါးမြို့နယ်အတွင်းရှိ အများနှင့် ထိတွေ့ဆက်ဆံရသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊အချုပ်သားများနှင့် ဘဏ်များ၊ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုများ ပြားသော လမ်း၊ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် သံသလူနာများကို ဖော်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရောဂါရှာဖွေစစ်ဆေးခြင်းကို ရွှေ့လျားယာဥ်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်က သမင်အင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်   လှည့်လည် စစ်ဆေးကြကြောင်းသိရသည်။
    
ရှေးဦးစွာ ကျောက်တံခါးမြို့ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့များပြားသော သမင်အင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ သမင်အင်းကုန်းကျေးရွာနှင့် ခိုလိုကျေးရွာများသို့သွားရောက်ပြီး ယာဥ်ဖြင့် လှည့်လည်စစ်ဆေးခဲ့ကြရာ လုပ်ငန်း များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့ဝင်များက လိုက်ပါ ကူညီဆောင်ရွက်ပေးကြသည်။
    
သမင်အင်းကုန်းကျေးရွာနှင့်ခိုလိုကျေးရွာတို့တွင်စုစုပေါင်း(၇၃၈)ဦး အားစစ်ဆေးရာ (၃၆)ဦး ပိုးတွေ့ရှိခဲ့ ကြောင်းနှင့် ပိုးတွေ့လူနာများအား ဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်း၊ထိတွေ့ဆက်ဆံသူများကို ကွာရင်တင်းစင်တာများသို့ ပို့ဆောင်စေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

စန်းစန်း