mdn

ပင်လောင်း  ဩဂုတ် ၃၀

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ အခြေခံပညာ အထက်တန်း ကျောင်းအမှတ်(၂) ခန်းမတွင်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

    ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ ဦးတင့်ဇော်ထက်၏  ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေး ၀န်ထမ်း များက အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊Volunteer/ပရဟိတ၊ဘိုးဘွားရိပ်သာ၊နိုင်ငံဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစု၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း၊ အကျဉ်းသား/အချုပ်သား၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း၊ ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 ပင်လောင်းမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ် ၆  ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၆၀၇၄ ဦးတို့အား သြဂုတ်၂၉ ရက် မှ စက်တင်ဘာ ၃ရက်နေ့အထိပင်လောင်းမြို့အ.ထ.က(၂)၊နောင်တရားမြို့အမှတ်(၁)ရပ်ကွက်၊တီကျစ် အ.ထ.က၊ ဆောင်းပြောင်း အ.ထ.က၊ ပေါင်းလောင်း တလိုင်းမ အ.ထ.က စသည့်စုရပ်များတွင်ဒုတိယအကြိမ်ကာကွယ်ဆေးကိုဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းလင်း(ပင်လောင်း)