နမ္မတူ ဩဂုတ် ၃၀
World Food Program (WFP)မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် စောင့်ကြည့်လူနာများအား ယမန့်နေ့က အာဟာရ ဘီစကစ်မုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် World Food Program (WFP) ကိုယ်စား ဆီလိန်ခမ်း လူမှုကူညီရေးအသင်းမှ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်ပိုးတွေ့လူနာ (၄၅)ဦး၊ အမှတ် (၁) အခြေခံသတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်းရှိ Facility Quarantine Centre ရှိ ပိုးတွေ့လူနာ (၃၆)ဦး၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း စောင့်ကြည့်စခန်းရှိ စောင့်ကြည့်လူနာ (၃၁)ဦး တို့အတွက် အာဟာရဘီစကစ်မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဆီလိန်ခမ်း လူမှုကူညီရေးအသင်းမှ သိရသည်။
လူမော် (ပြန်/ဆက်)


