ရေကြည် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဆန်စပါးအသင်းတို့ပူပေါင်း၍ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေ သည့် ကာလအတွင်းမြို့နေပြည်သူများဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဧည့်မထဆန်တစ်ပြည်လျှင်(၁၀၀၀)နှုန်းဖြင့်ယနေ့နံနက်(၁၀)နာရီက မြို့ပေါ်(၅)ရပ်ကွက်သို့သွားရောက်ကာလှည့်လည်ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါလှည့်လည်ရောင်းချရာတွင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘိုဘိုထွန်းနှင့်ဝန်ထမ်းများ ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများကဦးဆောင်၍ မည်သူမဆိုလာရောက်ဝယ်ယူနိုင်ပါကြောင်းအသံချဲ့စက်ဖြင့်ကြေညာကာမြို့ပေါ်(၅)ရပ်ကွက်သို့သွားရောက်ကာလှည့်လည်ရောင်းချပေးခြင်းကို သတ်မှတ်ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီရောင်းချပေးလျှက်ရှိကြောင်းသိရသည်။
အောင်သူဟန် ( ပြန်/ဆက်)


