ပုသိမ်ကြီး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဩဂုတ် ၂၉ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် သစ်ပင်ကြီးနှစ်ပင် လဲပြိုခြင်း၊ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများ မြို့ပေါ် လမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုသည် ပုသိမ်ကြီးမြို့နယ်၌ မိုးများသည့် အချိန်တွင် တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် ဖြစ်ပေါ်လေ့ရှိပြီး၊ ရပ်ကွက်အချို့တွင် လူနေအိမ်ထဲ အထိ တောင်ကျရေများ ဝင်ရောက်လျက်ရှိသည်။ ထို့ကြောင့် ယနေ့နံနက်ပိုင်းက စတင်ကာ ရန်ကင်းတောင်မြောက်ဘက် ဆည်မြောင်းဘောင် ကားလမ်းတွင် ဆူးဖြူပင် လုံးပတ်၃ပေခန့်၊ အမြင့်ပေ ၃၀ခန့်ရှိ သစ်ပင်နှစ်ပင် လဲပြိုရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များက ယာဥ်သွားလမ်း ပိတ်ဆို့မှု မရှိစေရေး ရှင်းလင်းခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက တောင်ကျမိုးရေများ အမြန်စီးဆင်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ရေဝင်ရောက်သည့် ဌာနဆိုင်ရာ အဆောက်အဦများမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်စည်ပင်၊ လ.ဝ.ကရုံး၊ ပညာရေးမှူးရုံး၊ ဆောက်လုပ်ရေးရုံး၊ မြေစာရင်းရုံး၊စက်မှုလယ်ယာရုံး စသည့်ရုံးများ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


