တန့်ယန်း သြဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် သံသယရှိသူ မည်သူ့ကိုမဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား နှာခေါင်းတို့ဖတ်ရယူ၍ သြဂုတ် ၃၀ ရက်နေ့မှ စတင်၍ အမှတ်(၄)ရပ်ကွက်ရုံး၌ Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးနေပြီဖြစ်သည်။
တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ များအား နေ့စဉ် စစ်ဆေးဆောင်ရွက်နေပြီး ယခုအခါ ပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ မည်သူ့ကိုမဆို အခမဲ့အဖြစ် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နံနက် ၉ နာရီမှ ၁၁ နာရီထိ ပုံမှန်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


