မုံရွာ၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေအမှတ်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် (၆)အချိန် တိုင်းထွာချက်အရ (၉၆၃)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် မိုးတွင်းကာလ ချင်းတွင်းမြစ်ရေတက်ချိန် ဖြစ်သဖြင့် ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်  ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်ပါဝင်သောအဖွဲ့အား ယနေ့နံနက်(၉)နာရီမှ စတင်ပြီး ချင်းတွင်းမြစ် တာရိုးတလျှောက် ရေကင်း(၂၄)ကင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရေကင်းတာဝန်ထမ်းဆောင်နေသူများသည် ချင်းတွင်းမြစ်တာရိုးတလျှောက် ရေကင်း(၂၄)ကင်းဖွင့်လှစ်၍  ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဲအိတ်၊ မြေသယ်ယူရန်တောင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူရွင်း၊ မျောတိုင်/သစ်သားတိုင်၊ ဝါး၊ ကြိုး၊ သံ၊ သဲ၊ ဝါးထရံကပ် စသည့်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိကာ  မိမိတို့ရေကင်းမှ ထူးခြားမှုရှိပါက အချိန် နှင့်တပြေးညီ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ သတင်းပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ရေအမှတ်သည် သြဂုတ်လ ၃၀ ရက်နေ့ နံနက် (၆)အချိန် တိုင်းထွာချက်အရ (၉၄၇)စင်တီမီတာသို့လျော့ကျလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)