mdn

ညောင်ဦး  ဩဂုတ်  ၃၀
    
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဩဂုတ် ၃၀ရက်၊ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၀၅ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ပေဝက်ခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုသတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
    
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၀ရက်၊ယနေ့နံနက် ၆နာရီတိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၀၂ စင်တီမီတာရှိနေကာစိုးရိမ်ရေမှတ်ရောက်ရှိရန်၁၈စင်တီမီတာလိုသေးကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပြီး ယနေ့ မွန်းတည့် ၁၂နာရီတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ရောက်ရှိရန် တဖြည်းဖြည်းနီးလာပြီး ၁၅စင်တီမီတာ(ပေဝက်ခန့်)သာလိုတော့ခြင်းကြောင့်မြစ်ကမ်းဘေးနေမိဘပြည်သူများ ရေဘေးအသိသတိရှိစေရန်ညောင်ဦးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊မြစ်ရေကျမှုအခြေအနေများအားနေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှမြစ်ကမ်းဘေးနေပြည်သူများအား Speed Boat နှင့်လှည့်လည်၍ မြစ်ရေကြီးမှုအခြေအနေအား Hand Speaker ဖြင့်လိုက်လံဆော်ဩနေ ကြောင်းလည်း ညောင်ဦးမြို့နယ်မီးသတ်ဦးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာခြင်းများအား တစ်နေ့သုံးကြိမ်တိုင်းတာပြီး စိုးရိမ်ရေမှတ် ရောက်ရှိပါက တစ်နာရီတစ်ကြိမ်တိုင်းတာသွား မည်ဖြစ်ကြောင်းလည်းသိရသည်။
            
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)