နေပြည်တော် ဩဂုတ်  ၃၀

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတစ်ဝှမ်း လတ်လော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံတိုင်းရင်းသားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆေးဝါးအထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများအား ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။

 

ထိုသို့ ထောက်ပံ့လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် (နမ့်ဖတ်ကာ) အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အစီအစဉ်အရ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်စင်တာများတွင် တက်ရောက်ကုသနေသည့် တိုင်းရင်းသားသွေးချင်းများအတွက် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကို နယ်စပ်ရေးရာ ဝန်ကြီးဌာနက သက်ဆိုင်ရာ ကိုဗစ်စင်တာများသို့ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)