နေပြည်တော်၊ ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ လားရှိုး - မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သတင်းအရ သီပေါမှမန္တလေးသို့ စိုင်းဘိုးစာ (၃၁) နှစ် မောင်းနှင်ပြီး အောင်မိုး (၂၈) လိုက်ပါလာသည့် ၆ ဘီးယာဉ်ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ နောက်မှလိုက်ပါလာသည့် မျိုးချစ် (၅၀) နှစ် မောင်းနှင်ပြီး ထွန်းနိုင် (၃၁) နှစ် လိုက်လာသည့် ၆ ဘီးယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့ကို ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ဖြစ်ပြီး၊ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးsဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်