ရန်ကုန် ဩဂုတ် ၃၀

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  ရိုက်ကူးထုတ်လွှင့် ရေးလုပ်ငန်းများ၊ စတူဒီယိုခန်းမများ၊ သတင်းခန်းများ၊ နိုင်ငံတော်ဆိုင်းဝိုင်းနှင့် သံစုံတီးဝိုင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်) ရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူ အရာထမ်းများနှင့်  အစည်းအဝေးခန်းမ၌  တွေ့ဆုံပြီး  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် သမိုင်းအစဉ်အဆက် အစဉ်အလာကောင်းများဖြင့် သမိုင်းပေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့် နိုင်ငံရေး အခင်းအကျင်းများကြားတွင် နိုင်ငံတော်ဘက်မှ ရပ်တည်၍ ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ  ဝန်ဆောင်မှုပြုနေသည့် ဌာနကြီးတစ်ခုလည်း ဖြစ်ကြောင်း။

 

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် () ရပ် အောင်မြင်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမားရိုးကျ နည်းလမ်းများဖြင့် ဆောင်ရွက်၍မရဘဲ ပြောင်းလဲနေသည့် လူမှုဓလေ့စရိုက်များ ပြည်သူများ၏ သိမြင်ခံစားမှုများ၊ မိမိတို့ မြန်မာလူမျိုးများ၏စံတန်ဖိုးထားရှိမှုများ၊ တိုးတက်လာသည့် နည်းပညာရပ်များအပေါ် အခြေခံ၍ ပိုမိုသစ်လွင် ကောင်းမွန်စေရေး တီထွင်ကြံဆ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများအား မီဒီယာနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးရာတွင် သမားရိုးကျ လုပ်နည်းလုပ်ဟန်ဟောင်းများဖြင့် ဝန်ဆောင်မှုပေးနေပါက အောင်မြင်မှုမရနိုင်ပါကြောင်း။

 

ယနေ့ (၂၁)ရာစု တွင် မီဒီယာလုပ်ငန်းများ၊ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများသည် ဒီဂျစ်တယ် နည်းပညာရပ်များအပေါ် အခြေခံ၍ အမြဲဆန်းသစ်တီထွင် ထုတ်လွှင့်တင်ဆက်နေကြသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ယနေ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် စိန်ရတု ကာလတိုင်အောင် လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။

 

နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၅) နှစ်မြောက် စိန်ရတု အခမ်းအနားတွင် မြန်မာအသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကိုသာမက လူတို့၏ စိတ်နှလုံးကို တက်ကြွအောင် (Motivation) လုပ်ပေးနိုင်ကြောင်း၊ မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သဖြင့် အရေးကြီးသည့် အခန်းဏ္ဍတွင်ရှိပြီး မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူကအားကိုးရသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဖြစ်စေလိုသည်ဟု လမ်းညွှန်ခဲ့ပါကြောင်း။

 

mdn

 

မိမိတို့လက်ထက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ပိုမိုဆန်းသစ်၍ ပြောင်းလဲထုတ်လွှင့်ပေးရန် အတူတကွ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်လွှင့်တင်ဆက်ရာတွင် ပြည်သူလူထုအတွင်း သာမန်ထက်ပို၍ ဖြစ်ပေါ်နေသော နာကျည်းမှုများ၊ မုန်းတီးမှုများ၊ စိတ်သောက ရောက်နေမှုများကို ပြေပျောက်စေပြီး ပျော်ရွှင်အေးချမ်းသည့် မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် အနုပညာရပ်များ၊ မီဒီယာ နည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူများ အသိမှန် အတွေးမှန် အလုပ်မှန်၍ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကျိုးအတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

 

ယနေ့အချိန်တွင် ကိုဗစ်၁၉ ရောဂါ ကန့်သတ်ချက်များနှင့် မသမာသူလူအချို့၏ ခြိမ်းခြောက်အကျပ်ကိုင်၊ နှောက်ယှက်မှုများကြောင့် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်များ၌ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေကြသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် သတင်းမီဒီယာ လောကအတွက် တာဝန်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သဖြင့် ၄င်းတို့၏ ထိခိုက်နစ်နာမှုများ ပြေပျောက်ရန် တက်ညီလက်ညီ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ဝန်ထမ်းများက မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက   ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး မြန်မာအသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်)ရှိ  စတူဒီယိုများတွင် တေးသီချင်းနှင့် အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်မှုများကို လည်းကောင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီး၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ နိုင်ငံတော်သံစုံတီးဝိုင်း၏ လေ့ကျင့်မှုနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့၏ လေ့ကျင့်မှုကို လည်းကောင်း၊ ဓာတ်ပြားတိုက်တွင် ဓာတ်ပြားများ ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ မီတာ ၂၀၀၊ မီတာ ၁၀၀ တာဝါများနှင့် ရိုက်ကူးထုတ်လွှင့်ရေးများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)မှ အလုပ်အမှုဆောင်များ၊ ဂီတအနုပညာရှင်ကြီးများနှင့်တွေ့ဆုံ၍ ဂီတလောကသားများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးရေးကိစ္စများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ညနေပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံနှင့် FM ရေဒီယိုစီစဉ်ထုတ်လွှင့်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

သတင်းစဉ်