မိုးနဲ        ဩဂုတ်      ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်− ၁၉ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ်ထိုးပြီးသူများအားဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်−၁၉ကာကွယ် ဆေး (SINOPHARM) ဒုတိယအကြိမ် ထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးဝင်းမြင့် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ Volunteer ပါဝင်သောအဖွဲ့က မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက်ပြည်သူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ တည်းခိုခန်း၊ ပုဂ္ဂလိကပို့ဆောင်ရေးအဖွဲ့ အစည်းများ၊  ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ Super Market/ စျေးစသည်ဖြင့် ဦးတည်ရာ ဦးစားပေးအုပ်စုအလိုက်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်သို့ ကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM) အလုံးရေ ၆၂၀ လုံးရောက်ရှိရာ ဆေးအလုံး ရေ ၂၈၀ ကို ကျိုင်းတောင်းမြို့သို့ခွဲဝေပေးပြီး ကျန်အလုံးရေ ၃၄၀ ကို မိုးနဲ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီးသူများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)