ကျိုက်လတ် စက်တင်ဘာလ ၁

 

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီကစ၍ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ဆန်နှင့်ကြက်ဥများကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းများနှင့်အညီ စားသုံးသူရေးရာ ဦးစီးဌာနရုံးရှေ့၌ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ဆန်တစ်ပြည် ၁၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၀၀ ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး စီစဉ်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)