သုံးခွ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များအသင်းနှင့် မြို့နယ်စည်ပင်သာယာအဖွဲတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ရွေ့လျားမော်တော်ယဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးရုံးရှေ့၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် ဆီငါးဆယ်သား တစ်ဘူးလျှင် (၁၈၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံး တစ်ကဒ်လျှင် (၁၃၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ရွေ့လျားမော်တော်ယာဉ်နှစ်စီးဖြင့် လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)