ဟားခါး စက်တင်ဘာ

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်သည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာကြောင်း စာရင်းဇယားများအရ တွေ့ရသော်လည်း ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု နှုန်းလျော့နည်းကျဆင်းမှု မရှိသေးသည့်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ များများစစ်၍ မြန်မြန်ကုသနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း Volunteer များနှင့် ပူးပေါင်း၍ ဟားခါးမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်း၍ စစ်ဆေးနိုင်ရေးအတွက် လိုအပ်သည့် Test kit, PPE ဝတ်စုံနှင့် အခြား အကာအကွယ်ပစ္စည်းများ ထုတ်ပေးရန်လိုကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများအပြင် ..က()တွင် ကိုဗစ်-၁၉ ကုသရေးစင်တာတိုးချဲ့နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် ကုသလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာမျးအား ထောက်ပံ့ကြေးများ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ မကြာမီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် ..က() ..က() နှင့် ခိုင်ကမ်းအားကစားရုံများတွင် ဆေးထိုးစုရပ်များ ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ သေဆုံးမှုနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက်လက်ထိုးနှံရန် စီစဉ်ဆောင်ရွက်ထားမှု၊ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးနိုင်မှု၊ အောက်ဆီဂျင်သိုလှောင်ထားရှိမှု အခြေအနေနှင့် ဆေးရုံများတွင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။              

 

ခရိုင်(ပြန်/ဆက်)