မင်းဘူး စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၂)နှင့် အဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် ညနေပိုင်းက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မင်းဘူးခရိုင်အတွင်းရှိ သတင်းထောက်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ Press Helmet နှင့် သတင်းမီဒီယာဥပဒေ စာအုပ်များကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ပြည့်စုံက ခရိုင်/မြို့နယ်အတွင်းရှိ သတင်းထောက်များအနေဖြင့် သတင်းသမားများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများနှင့် စောင့်ထိမ်းရမည့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော သတင်းထောက်များက တစ်ဦးချင်းမိတ်ဆက်ကြကာ မိမိတို့ သတင်းဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်အတွင်းရှိ တက်ရောက်လာကြသော ဒေသခံ သတင်းမီဒီယာသမားများ အားလုံးကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၂)နှင့် အဖွဲ့ဝင်များက Press Helmet နှင့် သတင်းမီဒီယာဥပဒေစာအုပ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


