ပိုင်ကျုံ စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအသုတ်(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂ရက် နံနက်၈နာရီခွဲမှစ၍ စုရပ်နေရာဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များကကြီးကြပ်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။ ဩဂုတ်လ ၅ ရက်နေ့တွင် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်သည့် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဦးစားပေးအုပ်စုတွင် ပါဝင်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတလုပ်ငန်း ဆောင်ရွက်သူများ၊ သာသနာ့နွယ်ဝင် သံဃာတော်များနှင့်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးရောင်းသူများ စသည့်ပြည်သူများကို ထိုးနှံပေးခဲ့သည်။ စက်တင်ဘာလ(၅)ရက်နေ့၌ ကာကွယ်ဆေး ထိုးနှံရမည့်သူများအား ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
ပိုင်ကျုံ(ပြန်/ဆက်)