ကျွန်းစု စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁ရက်ကပေးအပ်ရာ မြိတ်ခရိုင်၊ လူမှု၀န်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီနွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျွန်းစုမြို့၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယ သုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ရာ ကျွန်းစုမြို့အတွင်းရှိ သက်ကြီးဘိုးဘွား(၄၃၇)ဦးတို့အတွက် ၁၃၁၁၀၀၀ဝိ/- ကျပ်ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများထံ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


