ပျဉ်းမနား ၊ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များတွင် ထိရောက်မှုရှိစေရေးအတွက် ဝန်ထမ်းဦးရေးများသည့် စက်ရုံ၊ အလုပ်ရုံများ တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးခြင်းများကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မိုးသူဇာမုန့်တိုက်မှ ဝန်ထမ်း(၇၉)ဦးအား စစ်ဆေးပေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်နေမှုများအား ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝန်ထမ်းဦးရေးများသည့် စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုပါကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့်ချိတ်ဆက်ကာ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)


