ပုဂံ    စက်တင်ဘာ   ၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ကယ်တော်မူပါချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ  စက်ယန္တရားတစ်စီးဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်အတွင်းရှိ ကယ်တော်မူပါချောင်းသည် ကျဉ်းမြောင်းသည့်အတွက် ဩဂုတ် ၃၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံမှုများဖြစ်ပေါ်ကာ ရပ်ကွက်အတွင်းရှိ လူနေအိမ်(၁၀၀)ခန့် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )