ရသေ့တောင်    စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့သည့် အငူမော် - ဘူးသီးတောင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းပိုင်းအား ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပျက်စီးသွားသည့် လမ်းပိုင်းမှာ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဘူးသီးတောင်မြို့နယ်သို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကျောက်ချောလမ်းဖြစ်သည်။  ဩဂုတ် ရက်က မိုးအဆက်မပြတ် ရွားသွန်းခဲ့ပြီး တောင်ကျရေတိုက်စားမှုကြောင့် အထက်နန်းရာကျေးရွာတံတား () အနီး လမ်းဘေး အရှည် ပေ ၇၀၊ အနက် ၁၁ ပေခန့် လမ်းပဲ့ပျက်စီးခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ ရသေ့တောင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အများပြည်သူ သွားလာရာတွင် အဆင်ပြေစေရေးအတွက် ပျက်းစီးသွားသည့် ကျောက်ချောလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်လျက်ရှိရာ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အောင်စံထွန်း(ပြန်/ဆက်)

 

mdn