ရန်ကုန် စက်တင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်တို့သို့ ဆက်သွယ်ထားသည့် ကံဘဲ့ - ပျော်ဘွယ်လေး - ဒလ လမ်းပိုင်း အရှည် ၃ မိုင် ၃ ဖာလုံအား မြေသားတာဘောင်ချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒီလမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်ရတဲ့  အဓိက ရည်ရွယ်ချက်က ရန်ကုန် - ဒလ တံတား စီမံကိန်းကြီးရှိတယ်၊ တံတားကြီးပြီးစီးသွားရင် ဒီလမ်းမကြီးက ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်မယ့် အဓိကလမ်းမကြီးဖြစ်လာမှာပါ၊  ဒီလမ်းပိုင်းက ကုန်စည်တွေနဲ့ မော်တော်ယာဉ် သွားလာမှုများပြားတဲ့အတွက် လမ်းကောင်းလာတာနဲ့အမျှ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမြန်ဆန်လာ မှာဖြစ်ပါတယ်ဟု လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြဦးကျော်မျိုးဝင်းက ပြောပြသည်။

 

mdn

 

အဆိုပါ ကံဘဲ့ - ပျော်ဘွယ်လေး - ဒလ လမ်းပိုင်းမှာ အရှည် မိုင်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  အရှည် မိုင် ဖာလုံအား မြေသား တာဘောင်ချဲ့ခြင်း နှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို  ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် နဒီရွှေဝါကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်လင်းကျော်(IPRD)