နေပြည်တော် စက်တင်ဘာ ၄

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊တာချီလိတ် နှင့် ထီးခီး စခန်း (၅)ခု တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ (၁၈)ခု မှ ယာဉ်စီးရေ(၃၂)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် တန် (၄၀) ၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၁၂)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၀၈၅)ခု၊ Oxygen Plant (၉)ခု၊ Oxygen Generator(၅)ခု၊ အိမ်သုံး Oxygen Concentrator(၅၀၀) ၊ PPE ဝတ်စုံ (၈၂၇၅၀) ၊ လက်အိတ်(၁၀)တန် နှင့် နှာခေါင်းစည်း (Mask) (၂၆)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ် (၂)စီးမှာ ရန်ကုန်မြို့ သို့ဖြစ်ပြီး Oxygen Plant (၉)ခု မှာ ရန်ကုန်မြို့သို့ (၄)ခု၊ မင်းဘူးမြို့သို့ (၂)ခု၊ မန္တလေးမြို့သို့(၂)ခု၊ မုဒုံမြို့သို့ (၁)ခုတို့ ဖြစ်ကြောင်း သိရသည်။

 

သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ယာဉ်စီးရေ(၁၅၃၀) ဖြင့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်ဖြင့် (၁၈၀၆) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၄၇၂)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၇၄) တန်၊ Storage Container (၁၉) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၉)ခု၊ အောက်ဆီဂျင်(အိုးခွံ) ခုရေ (၂)သိန်း ၊ Oxygen Plant (၁၁၅) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၃)ခု၊ Oxygen Generator(၃၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၉၃၃၉၅)ခု ၊ Test Kit ခုရေ (၂)သိန်း ၊ PPE ဝတ်စုံ အစုံရေ (၉)သိန်း ၊ လက်အိတ် (၁၃၃)တန်နှင့် နှာခေါင်းစီး (Mask) (၂၀၇၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 

သြဂုတ် ၁ ရက် မှ စက်တင်ဘာ ၄ ရက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း (၈၂) စီးမှာ ရန်ကုန်မြို့သို့ (၆၆) စီး ၊ မန္တလေးမြို့သို့(၅)စီး ၊ နေပြည်တော် (၃) စီး၊ မော်လမြိုင် (၄) စီး၊ ပဲခူး (၂)စီး ၊ မုံရွာ နှင့် သံဖြူဇရပ်(၁)စီး စီ ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း (၁၁၅) ခုမှာရန်ကုန်မြို့သို့ (၆၂)ခု၊ မန္တလေးမြို့ သို့(၁၀)ခု၊ လားရှိုး (၅) ခု ၊ပဲခူး (၄) ခု ၊ မြစ်ကြီးနား (၄)ခု ၊ ကျောက်ပန်းတောင်း (၃)ခု ၊ မော်လမြိုင် (၃)ခု ၊ မုံရွာ (၂) ခု ၊ မကွေး (၂) ခု ၊ ပခုက္ကူ (၂)ခု ၊ ဘားအံ (၂) ခု ၊  မင်းဘူး (၂) ခု ၊ တောင်ကြီး ၊ နေပြည်တော်၊ မြစ်သား ၊ မိုးကောင်း ၊  မြင်းခြံ ၊ ကျောက်တံခါး ၊ဝါးခယ်မ ၊ သံဖြူဇရပ် ၊ ထားဝယ် ၊ ကွမ်းခြံကုန်း ၊စစ်တွေ၊ ဒေးဒရဲ၊ မြင်းမူ နှင့် မုဒုံ သို့ (၁)ခု စီ ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

(သတင်းစဉ်)