ပဲခူး စက်တင်ဘာ ၄

         

ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၁) ကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

twq

 

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပဲခူးစက်မှုဇုန်နယ်မြေအတွင်းရှိ ကိုရီးယားနိုင်ငံအခြေစိုက် Panko Bago Co., Ltd ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးချဲ့ခြင်း၊ စက်ရုံမြေနေရာတိုးချဲ့ခြင်းနှင့် စက်ရုံတည်ဆောက်ရေးကာလ တိုးမြှင့် ဆောင်ရွက်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ပေါင်းစပ်ညှိနှိုင်းပေးပြီး တိုင်းဒေသကြီးအတွင်း သဘာဝ ဂေဟစနစ်ကို မထိခိုက်စေဘဲ လုပ်သားဦးရေများစွာကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်သည့် အထည်ချုပ် လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရရှိသည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများကို စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့် စက်မှုနယ်မြေများအတွင်း ကျူးကျော်ဆောက်လုပ်မှု မရှိစေရေး  ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

         

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၃၆)နှင့်  ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၄၉)ခု ရှိပြီး ဒေသခံပြည်သူ(၄)သောင်းကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)