ဝါးခယ်မ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီက ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၁၆၀)ပေ၊ အကျယ် (၄၀)ပေခန့် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော လူနေအိမ်(၅)လုံးနှင့် မိသားစုဝင် ကျား(၁၂)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား ရွှေလောင်းနယ်မြေ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသနေပြည်သူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အထက်ပေကုန်းကျေးရွာသည် အိမ်ခြေ (၅၇၈)လုံး၊ အိမ်ထောင်(၅၈၂)စု၊ လူဦးရေ ကျား (၁၂၄၁)ဦး၊ မ(၁၂၇၈)ဦး၊ ပေါင်း(၂၅၁၉)ဦး နေထိုင်ပြီး ရွှေလောင်းမြစ်၏ကမ်းပါးအနီးတွင်တည်ရှိသဖြင့် မြစ်ကမ်းပါးပြိုကျမှုများ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


