မိုးနဲ စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့တွင် မိုးစပါးသီးနှံ လျာထားဧက ၉၅၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးထံမှ သိရသည်။

 

မိုးနဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧက ပြည့်မီရေး အတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍ လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဆောင်ရွက်ရန် နည်းလမ်းများအား အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် မိုးနဲမြို့နယ်တွင် မျိုးစေ့ထုတ်အနေဖြင့် DU-12 မျိုးစပါး (၁၀)ဧကနှင့် ရွှေရင်အေးမျိုးစပါး (၂၅)ဧက ကို စမ်းသပ်စိုက်ပျိုးထားရှိ‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)