ပင်းတယ စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သစ်အယ်ပင်ကျေးရွာ၌ စက်တင်ဘာ ၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်(၇)လုံး၏ အမိုးများပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ရန်အတွက် Forever Group(MRTV-4)မိသားစုမှ ထောက်ပံ့​ငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် လူ​နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ပင်းတယမြို့ ဆင်ခေါင်းရပ်ရှိ Forever Group (MRTV-4) မိသားစုမှ သွပ်မိုးအသစ်များနှင့် လိုအပ်သောပစ္စည်းများအတွက် စုစုပေါင်းကုန်ကျငွေကျပ် (၄၄၃၄၉၆၃) အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


​ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုနှင့်​ ကျေးရွာပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် အဆိုပါ လူ​​နေအိမ် ၇ လုံးအား ပြင်​​ဆင်ပြီး​ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)