နေပြည်တော် စက်တင်ဘာ ၆

အကောက်ခွန်ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ နှစ်ခုမှ Silex 1g Powder For Injection အခု ၂၀၀၀၊ Azimex Tablet အခု ၅၀၀၀၊ Demoxiclave Tablet အခု၂၅၀၀၊ နယ်စပ်(ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ရှစ်ခုတို့မှ အိမ်သုံးအောက်ဆီဂျင်စက် အခု ၁၇၀၀၊ နှာခေါင်းစည်း ကီလိုဂရမ် ၁၁၆၀၀၊ အောက်ဆီဂျင်အရည် ၄၀ ဒသမ ၂၆ တန်၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ အခု ၂၀၀၀၊ အောက်ဆီဂျင်ထုတ်သည့်စက်တစ်ခု၊ Cannula အခု ၅၀၀၀၊ Sodium Chloride Injection ကီလိုကရမ် ၆၀၉၆၀၊  Mannitol Injection ၂၆၈၇၃ ကီလိုဂရမ်တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်