နေပြည်တော် စက်တင်ဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။

ယနေ့တွင် ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်နှင့် ထီးခီး စခန်းလေးခုတို့မှတင်သွင်းရာ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၈ စီးဖြင့် အောက်ဆီဂျင်(အရည်) | Bowser ယာဉ် နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၃ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၇၂၀၊ Oxygen Plant နှစ်ခု၊ အိမ်သုံး Oxygen Concentrator အခု ၁၇၀၀၊ PPE ဝတ်စုံ ၂၀၀၀ နှင့် နှာခေါင်းစည်း(Mask) ၂၆ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည်(Bowser) ယာဉ်နှစ်စီးနှင့် Oxygen Plant နှစ်ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

သတင်းစဉ်