ဖြူး စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက် နံနက်အစောပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကာကွယ်ဆေးထိုးနှံပေးရာနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီး ကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Maskများ စနစ်တကျတပ်ဆင် သွားလာရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် စက်တင်ဘာ ၄ ရက်ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ (၇)ဦး ထပ်မံတိုးလာပြီးယနေ့ထိ စုစုပေါင်းအတည်ပြုလူနာ(၁၂၄၄)ဦး၊ သေဆုံးသူ(၇၃)ဦးအထိ ရှိကြောင်း သိရသည်။

နေမျိုးလွင်(ဖြူးပြန်/ဆက်)