တွံတေး စက်တင်ဘာ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်‌တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ကုသရေးဦးစီးဌာန၊ ကုတင် (၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်ထားသော ကိုဗစ်လူနာ(မွေးလူနာ) သီးသန့်ခွဲစိတ်ဆောင်တွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်းလှူဒါန်းခြင်းကို စက်တင်ဘာ ၅ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင်က တွံတေးမြို့နယ်တွင် ကိုဗစ်ကာလအောက်ဆီဂျင်စက်ရုံရရှိရေး၊ ပြည်သူ့ဆေးရုံတွင် လိုအပ်ချက်များကို အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်တွင် အောက်ဆီဂျင်စက်ရုံကို ပထမဦးဆုံးတည်ဆောက်လည်ပတ်နိုင်ခဲ့ပြီး တွံတေးမြို့နယ်၌ အောက်ဆီဂျင် စက်ရုံနှစ်ရုံ ရှိလာသည့်အတွက် အောက်ဆီဂျင်လိုအပ်ချက်ကို အလှူရှင်များက ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းဖြစ်‌ကြောင်းနှင့် ယခုအချိန်တွင် ကိုဗစ်လူနာ (မွေးလူနာ)များ အတွက် ယခင်ရှိပြီးသားခွဲစိတ်ဆောင်ကို အသုံးမပြုဘဲ သီးသန့်ခွဲစိတ်ဆောင် တစ်ခုထားရှိပြီး ကိုဗစ်လူနာများအတွက် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်းကို အိုးဖိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေအလှူရှင် မစန်းရွှေ(ခ)မခင်စန်းရွှေက လိုအပ်ချက်ကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာမျိုးဇော်လှက အလှူရှင်၏ လှူဒါန်းမှုအား အထူးပဲကျေးဇူးတင်ရှိ‌ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် အလှူရှင်မစန်းရွှေ( ခ)မခင်စန်းရွှေအား မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီ အဖွဲ့ဝင် (၁)ဗိုလ်မှူးဇာနည်မောင်က အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ခွဲစိတ်ခန်းသုံး ကုတင်အဟောင်းကို ပြန်လည်ပြုပြင်ခဲ့သော ကိုသန်းဇော် အား ဒေါက်တာမျိုးဇော်လှက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)