ကျောက်ပန်းတောင်း စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တယ်ပင်တဲ ကျေးရွာအုပ်စု၊ ကျောက်တံခါးကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရံပုံငွေနှင့် ကျေးရွာပြည်သူပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို စက်တင်ဘာ ၆ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့ကကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာနှင့် မြို့ပြဒေသများ ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရန်အတွက်၊ ကျေးရွာမီးရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းခင်းခြင်း၊ ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျေးရွာနေ ပြည်သူများ စီမံကိန်းလုပ်ငန်းများ ရေးဆွဲဆောင်ရွက်တတ်စေရန်နှင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း  စသည့်လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ၊ ကျောက်တံခါးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရံပုံငွေ(၁၀)သန်း၊ ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်(၃)သန်း၊ စုစုပေါင်းငွေကျပ် (၁၃)သန်းဖြင့် လမ်းအရှည် (၅၉၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မရှိ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း  လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကျောက် တံခါးကျေးရွာရှိ အိမ်ခြေ(၁၄၀)မှ လူဦးရေ ၈၀၀ ခန့်အနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိတ်အေးချမ်းသာစွာဖြင့် သွားလာပြီး လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)