ဝါးခယ်မ စက်တင်ဘာ ၆
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကို စက်တင်ဘာ ၆ ရက်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးဝန်းရှိ "ဒေါ်ပိုက်မိ" ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက အခြေခံပညာဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်ထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “ပန်းခင်းစီမံချက်” ဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိရာ မေ ၃ ရက်မှ ယနေ့ထိဌာနဆိုင်ရာ (၂)ခု၊ ရပ်ကွက်(၂)ခု၊ ကျေးရွာ အုပ်စု(၁၁)ခု၌ အိမ်ထောင်စု လူဦးရေစာရင်းအား ဒေသခံ (၂၄၅)စု၊ ရွှေ့ပြောင်း(၈၃)စု၊ စုစုပေါင်း(၃၂၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်အား အသက် (၁၀)နှစ်ပြည့် (၁၉၉)ကတ်၊ အသက်(၁၈)နှစ်ပြည့် (၆၁၉)ကတ်၊ လဲလှယ်(၇၃)ကတ်၊ ပျောက်/ပျက် (၁၃၆)ကတ်၊ စုစုပေါင်း (၁၀၂၇) ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


