ရန်ကုန် စက်တင်ဘာ ၆

 

မြန်မာနိုင်ငံမှ ပြည်ပသို့ပို့ကုန်နှင့် သွင်းကုန်များကို ရေကြောင်းကုန်စည် ပို့ဆောင်မှုဖြင့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။

 

စက်မှုဇုန်များမှ ပို့ကုန်များ၊ ရေထွက်ကုန်များနှင့် ပြည်ပပို့ကုန်များကို ရေကြောင်းဖြင့် ပို့ဆောင်သည့်နည်းတူ ပြည်ပမှကုန်စည်များနှင့် ပြည်သူများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း တင်သွင်းလျက်ရှိရာ အဆိုပါပစ္စည်းများကို ဆိပ်ကမ်းမှ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံတော်က ဖော်ဆောင်မှုဖြင့် မတ်လပိုင်းကစ၍ ရေကြောင်းလမ်းမှ ကုန်စည်ပို့ဆောင်မှုကဏ္ဍ ပြန်လည်မြှင့်တင်နိုင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သည့် နိုင်ငံတကာ ကုန်တင်သင်္ဘောများ မြန်ဆန်စွာ ဖြတ်သန်းဆိုက်ကပ်နိုင်ရန် တွန်း/ဆွဲ ရေယာဉ်သစ်နှစ်စီးဖြင့် ဩဂုတ်လ နောက်ဆုံးပတ်က ဖြည့်တင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာလတွင် ကုန်တင်သင်္ဘော ၄၃ စီးဖြင့် သွင်းကုန်/ထုတ်ကုန်များကို ပို့ဆောင်၊ တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ Container Vessel Schedule For September 2021 ထုတ်ပြန်မှုအရ သိရသည်။

 

သတင်း - ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ - ကနူး