ရန်ကုန်   စက်တင်ဘာ  

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၇) ရပ်ကွက် ဘဲတန်းချောင်းအတွင်း အမှိုက်၊ ဒိုက်၊ ဗေဒါများ ဆယ်ယူ၍ တူးဖော်ရှင်းလင်းနေမှုများကိုလည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်း (ကျားကြီးရေတံခါးနှင့် ဘုရင့်နောင် လမ်းအကြား) အရှည်ပေ ၁၇၉၈၂ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၁၁ လက်မ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၇ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ ဗန္ဓုလလမ်းနှင့် ကရုဏာလမ်းအကြား အရှည် ၂၂၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ကွန်ကရိ လမ်းခင်းနေမှု၊ ရပ်ကွက် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှု အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်