တွံတေး စက်တင်ဘာ  ၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်(၉)နာရီက စတင်၍ အ.ထ.က(၁)ကျောင်း  ယုဇနခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား တွံတေးမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှဦးဆောင်ကာ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ မီးသတ်တပ်ဖွဲ့ဝင်များက  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ( SINOPHARM )ကို စက်တင်ဘာ(၂ မှ ၆)ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ( ၁၀၄၀)ဦး ရှိကြောင်း၊ ကျေးရွာအုပ်စုများအား ယခင်စုရပ်များအတိုင်း အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးကြေညာ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်  ပြန် /ဆက်