mdn

မြစ်သား     စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း  ရေးအတွက်ရည်ရွယ်၍ စွမ်းအားမြှင့်"အေဝမ်း"မီးဖိုများအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ရွာရှည်ကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာနှင့် အောင်ဘက်စံကျေးရွာများ၌ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက ကျေးရွာပြည်သူများအား  အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သည့် သစ်တော စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြား လောင်စာတိုးမြှင့်သုံးစွဲရေး နှင့်ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စွမ်းအားမြှင့်"အေဝမ်း"မီးဖိုများဖြန့်ဝေပေးရခြင်းနှင့်ပတ်သက်၍ကျေးလက်ဒေသများတွင် လောင်စာ ထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး သစ်တောပြုန်းတီးမှုကာကွယ်ပေးခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှု များကိုဟန့်တားပေးနိုင်ခြင်း၊ ထင်းကုန် ကျမှု ၄၀ ရာခိုင်နှုန်း သက်သာသည့်အတွက် သစ်တောပြုန်း တီးမှုကိုလျှော့ချပြီးသားဖြစ်ခြင်း၊ ချက်ပြုတ်ချိန်မြန်ဆန်ခြင်းနှင့် မီးခိုးအထွက်နည်းခြင်း၊ မီးဘေး အန္တ ရာယ်ကင်းဝေးစေခြင်းစသည့်မီးဖိုသုံးစွဲနည်းနှင့် သတိပြုရမည့်အချက်များအား အသိပညာပေး  ရှင်း လင်း ပြောကြားပြီးနောက် တာဝန်ရှိသူများက အဆိုပါကျေးရွာများမှ အိမ်ထောင်စု ၈၀ အိမ် အတွက်  စွမ်းအားမြှင့်"အေဝမ်း"မီးဖို (၈၀)လုံးနှင့် မီးဖိုသုံးစွဲနည်း လက်ကမ်းစာစောင်များအား ဖြန့်ဝေပေး အပ်ခဲ့ရာ ကျေးရွာပြည်သူများက လက်ခံရယူခဲ့ကြသည်။

မြစ်သားမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈)ရွာအတွက် တစ်ရွာလျှင်စွမ်းအားမြှင့် "အေဝမ်း" မီးဖို(၄၀) လုံး စီဖြင့် စုစုပေါင်း(၇၂၀)နှင့် မီးဖိုသုံးစွဲနည်းလက်ကမ်းစာစောင်များအား မြို့နယ်ဦးစီးအရာရှိ ဦးအောင် ကျော်စိုးနှင့်ဝန်ထမ်းများက ကျေးရွာများသို့ အခမဲ့ဖြန့်ဝေပေး ပြီးဖြစ်ကြောင်းသိရ သည်။
   
ပေးပို့သူ-မြမြမွန်(မြစ်သား)