mdn

 

ကြာအင်းဆိပ်ကြီး  စက်တင်ဘာ  ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်များအား ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သော နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်လူဦးရေစာရင်း (၇၆)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၁၉)ဦးအား စက်တင်ဘာလ(၈)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမိဘပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအ နေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်လက်မှတ်မရှိသေးပါက သက် ဆိုင်ရာ မြို့နယ် လ ဝ က ရုံးများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်အကြောင်းကြား၍ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။

မျိုးမင်းဦး