mdn

ကျွန်းစု စက်တင်ဘာ ၉


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့ နံနက်ပိုင်းက ကဒဲ၊ ကဒွတ်ကျေးရွာသို့ ကွင်းဆင်း၍ ပြုလုပ်‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ အသက်(၁၀) နှစ်ပြည့် နိုင် ၃(က) (၂) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၃) ဦး၊ လဲလှယ် (၄ ) ဦး၊  မိတ္တူ (၂) ဦး စုစုပေါင်း (၁၁)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၅)ခုအား ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် ကာလသည် (၃.၅.၂၀၂၁)ရက်နေ့မှ(၃၁.၈.၂၀၂၂)ရက်နေ့အထိ ‌ဖြစ်ပြီး ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် (၁၃၀၆၀)ဦးရှိရာ မြို့နယ်လဝကဦးစီးမှူးရုံးရှိ ဝန်ထမ်း(၆)ဦးမှ တစ်လလျှင် ကျေးရွာအုပ်စု(၂)စုအား အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်ပြီးစီးသူ (၂၂၂၃)ဦး၊ ဆောင်ရွက်ရန်ကျန်ရှိသူ (၁၀၈၃၇)ဦး ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)