ပေါက်တော စက်တင်ဘာ ၉
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုနှစ် ဒုတိယနှစ်မြောက် ကျေးရွာမတည်ရန်ပုံငွစီမံကိန်း ကျေးရွာ ငါး ရွာ အား ယနေ့ နံနက် ၉ နာရီက နေ့ချင်းဆပ် နေ့ချင်းထုတ်ပေးသည့်စနစ်ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ညွှန်ကြားချက်များ နှင့် အညီ ပြည်လည်ထုတ်ချေးပေးကြောင်းသိရသည်။
အဆိုပါ ငွေထုတ်ချေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်ကျေးရွာ ရန်ပုံငွေ စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသို့ မတည်ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီက ကျေးရွာ မတည်ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီသို့ ချေးငွေထုတ်ချေးပေးရန် ပြန်လည်လွှဲပြောင်းပေးအပ်ကြသည်။
ပေါက်တောမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာများမှာ မနော်သီရိ၊ကျောက်စု၊ကြက်သရေ၊သိမ်ကျောင်းမာ် နှင့် ကမ်းပိုင်ကြီးကျေးရွာများ ဖြစ်ပြီး စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ ၁၉၀ ဦးတွင် ၆၉၉ ဒသမ ၅ သိန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးတွင် ၇၀ဒသမ ၅ သိန်း ၊ရေလုပ်ငန်းလုပ်ကိုင်သူ ၁၁၆ ဦးတွင်၂၈၁ သိန်း ၊ အရောင်းအဝယ်လုပ်ကိုင်သူ ၄၀ ဦးတွင် ၁၂၃ ဒသမ ၅ သိန်း ၊အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ၅၅ ဦးတွင် ၇၃ ဒသမ ၅ သိန်း ထုတ်ချေးပေးပြီး စုစုပေါင်း လူဦးရေး ၄၃၄ ဦးအတွက် ၁၂၄၈ သိန်း ထုတ်ချေးပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


