mdn

ဝန်းသို စက် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP)ဖြင့် ကျေးရွာပေါင်း(၁၃)ရွာတွင် ရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် ပေပေါင်း(၁၄၀၀၀)ကျော်အထိ အဆင့်မြင့်တင်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ယင်းကွန်ကရစ်လမ်းများအနက် ဖီလေးကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် အရှည်ပေ (၇၀၀)၊ ဆည်ကြီး(ရွာဟောင်း)ကျေးရွာနှင့် အင်္ဂါးကျေးရွာတို့တွင် ပေ(၁၀၀၀)၊ ထန်းတော၊ ဆည်ကြီး(ရွာသစ်)၊ ညောင်အင်း၊ မှန်လွှဲကုန်းနှင့် လေဘိုကျေးရွာတို့တွင် ပေ (၁၁၀၀)၊ ကျွန်းကုန်းနှင့် မင်းကုန်းကျေးရွာတို့တွင် ပေ(၁၂၀၀)၊ ငါးရံ့ချောင်းကျေးရွာတွင် ပေ(၁၃၀၀)၊ ရွာသာကျေးရွာတွင်ပေ(၁၅၀၀)စီဖြင့် အဆင့်မြင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမှာ ကျေးလက်ဦးစီးဌာနက စီမံကိန်းရန်ပုံငွေသိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပြည်သူပူးပေါင်းပါဝင်သောစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်စီမံကိန်းဖြစ်ရာ ဝန်းသိုမြို့နယ်အတွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင် ကျေးရွာပေါင်း(၂၅)ရွာအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကျေးရွာပေါင်း ၁၂၀ ထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ 

မွှေးကြူဇင်