ခင်ဦး ၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိ သည်။
ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာပထမအကြိမ်တွင် လူဦးရေ (၄၉၉၉) ဦးကို အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ ၂ ရက်မှ ၉ ရက်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ အသက် (၆၅)နှစ်အထက် ပုဂ္ဂိုလ် (၆၅၃) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၅၀၈) ဦး၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးကျောင်းမှ (၂၀၀)၊ နိုင်ငံ့ဝန်ထမ်း (၅၆၅) ဦး၊ ပုဂ္ဂလိကဝန်ထမ်း (၁၅၉) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးမှ (၇) ဦး၊ ဈေးသည် (၉၇၈) ဦး စုစုပေါင်း ထိုးနှံပြီးသူ လူဦးရေ (၃၀၇၀) ဦး ထိုးနှံပြီး၍ ဆေးထိုးရန် ကျန်ရှိသူများကို သတ်မှတ်ရက်အတိုင်း ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။
ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံမှ စက်တင်ဘာလ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ (၂၄) ဦးကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား (၂) ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံက သိရသည်။
စိုးဝေအောင်(ခင်ဦး)


