တနင်္သာရီ စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအုပ်စု၊ ထုံခါရွာရှိ အကျဉ်းဦးစီးဌာန ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း(ထုံခါ)၌ လုပ်အားရှင် အကျဉ်းသား ၁၅၃ ဦးတို့အား ဒုတိယအကြိမ်၊ ကိုဗစ်ကာကွယ်ဆေးကို စခန်းတာဝန်ခံရုံးအတွင်း စက်တင်ဘာ ၉ ရက်က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆင်ဖြူရှင်စခန်းမှ အကျဉ်းသားများအား ပထမအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့် ဆင်ဖြူရှင် စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း(ထုံခါ) တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ဇေယျ တို့က အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဩဂုတ် ၁၀ ရက်က ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


