မိုင်းဆတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကြက်ခြေနီအသင်းဝင်များအား ထောက်ပံ့ငွေနှင့် အခြေခံ စားသောက်ကုန် ခြောက်မျိုး ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဝိန်းနေရပ်ကွက်တွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမွန်းဆေသောင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဆားနှင့် ကြက်ဥတို့ကို ပေးအပ်ရာ ဦးစိုင်းထွန်းဦးက လက်ခံရယူပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသန်းဝေ တို့က တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၃၅၀၀၀ နှင့် အခြေခံစားသောက်ကုန် ခြောက်မျိုးအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီအသင်းသား အသင်းသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)


