လွိုင်လင် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု ခဲလောင်းကျေးရွာနှင့် ပါဟုတ်ကျေးရွာ နှစ်ရွာရှိ ကုန်ထုတ်လမ်းဘေး ဝဲယာ၌ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေး၊ ကုန်ထုတ်လမ်း ရေရှည်တည်တံ့ ခိုင်မြဲစေရေးတို့အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာသူ ကျေးရွာသားများနှင့် ပူးပေါင်းကာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက အရိပ်ရနှစ်ရှည်သစ်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

စုပေါင်းစိုက်ပျိုးရာတွင် လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်နှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများနှင့်အတူ ခဲလောင်းကျေးရွာနှင့် ပါဟုတ်ကျေးရွာနှစ်ရွာတွင် စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ မယ်ဇလီ၊ ရေသင်းဝင်၊ မျောက်ငို၊ ရေမနေ အစရှိသည့် အရိပ်ရနှစ်ရှည်သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ငြိမ်းသူ